Human Resource Management System (HRMS)

Human Resource Management System ဆိုတာ မည်သည့် organization အတွက်ကိုမဆို လုပ်ငန်းအောင်မြင်ဖို့ မဖြစ်မနေအသုံးပြုသင့်သော System တစ်ခုဖြစ်ပါတယ်။ မိမိ organization အတွက် human resource တွေကို သင့်လျော်သော လူ့စွမ်းအားအရင်းမြစ်(Manpower) နှင့် ကျွမ်းကျင်မှု(Skill) ပိုင်းများ မှန်မှန်ကန်ကန် စီမံခန့်ခွဲနိုင်ဖို့ Human Resource Management System သည် အရေးအကြီးဆုံး အခန်းဂဏ္ဍ တစ်ခုအနေဖြင့် ပါဝင်နေပါတယ်။ 

HRMS တွေအများကြီးရှိတဲ့ထဲမှာမှ Odoo HRMS အကြောင်းကိုမိတ်ဆက်ပေးချင်ပါတယ်။ Odoo HRMS မှာ အဓိက Features (၃) ခု ရှိပါတယ်။
(၁) Management (စီမံခန့်ခွဲခြင်း)
(၂) Collaboration (ပူးပေါင်းဆောင်ရွက်ခြင်း)
(၃) Data Integration (သတင်းအချက်အလက်ဆိုင်ရာများပေါင်းစပ်ခြင်း)

…………………………………………………….

(၁) Management (စီမံခန့်ခွဲခြင်း) အပိုင်းမှာဆိုရင် အဓိက အချက် (၆) ချက်ရှိပါတယ်။
– ဝန်ထမ်းတွေအတွက် ကိုယ်ရေးအကျဉ်းများကို ဖန်တီးနိုင်ခြင်း (Create Employee Profiles)
– ဝန်ထမ်းတွေရဲ့ အခြေအနေ၊ အလုပ်နဲ့ပတ်သက်တာတွေ၊ စာချူပ်ပုံစံတွေ၊ နေ့စွဲတွေ နဲ့ ဝန်ထမ်းတွေရဲ့ Schedule များကို စီမံခန့်ခွဲနိုင်ခြင်း (Manage Contracts)
– ဝန်ထမ်းတွေရဲ့ Project တစ်ခုချင်းစီအလိုက် လိုအပ်သည့် အချိန်ဇယားများကို တစ်ပတ်စာ သို့မဟုတ် တစ်လစာရေးဆွဲပေးနိုင်ခြင်း (Manage Timesheets)
– ဝန်ထမ်းတွေရဲ့ ရုံးတက်ရက်၊ ရုံးပျက်ရက်တွေကို စီမံခန့်ခွဲနိုင်ခြင်း။ HR Managers များအနေဖြင့်လည်း ဝန်ထမ်းများရဲ့ လစဉ် ရုံးတက်ရက်၊ ရုံးပျက်ရက် များကို လွယ်ကူစွာ Report ထုတ်ယူနိုင်ခြင်း။ (Handle Attendance)
– ဝန်ထမ်းတွေ အတွက် ခွင့်နှင့်ပတ်သက်၍ စီမံခန့်ခွဲနိုင်ခြင်း။ (Manage Leaves)
– Manager မှ ဝန်ထမ်းတွေနဲ့ပတ်သက်တဲ့ Information များအားလုံးကို တစ်နေရာထဲမှာ တစ်စုတစ်ဝေးတည်း ကြည့်ရှုစစ်ဆေးနိုင်ခြင်း (Dashboards)

(၂) ပူးပေါင်းဆောင်ရွက်ခြင်း (Collaboration) အပိုင်းမှာဆိုလျှင် အဓိက (၂) ချက်ပါဝင်ပါတယ်။
– Social Network တစ်ခုကိုဖန်တီးနိုင်ခြင်း။ 
ဝန်ထမ်းအချင်းချင်း စာရွက်စာတမ်း၊ ဖိုင်များကို အတူဝေမျှသုံးစွဲနိုင်ခြင်း(Sharing)၊ ရုံးသုံး chat box ကနေတစ်ဆင့် လိုအပ်သည်များကို လွယ်ကူလ ျှင်မြန်စွာ ပြောဆိုဆက်သွယ်နိုင်ခြင်း။
(Enterprise social network)
– စိန်ခေါ်မှုတွေ (Challenges) မိမိ company ရဲ့ ရည်ရွယ်ချက်တွေ Goals Objectives and Targets တွေပြည့်မှီရင်သော်လည်းကောင်း သို့မဟုတ် ဝန်ထမ်းတွေရဲ့ Performance နဲ့ပတ်သက်၍သော်လည်းကောင်း company တွင် ဆုပေးခြင်းများ (Rewards) ကို Design ချပေးခြင်း။ (Gamification)

(၃) Data Integration (သတင်းအချက်အလက်ဆိုင်ရာများပေါင်းစပ်ခြင်း) နဲ့ပတ်သက်၍ အဓိကအချက် (၃)ချက်ရှိပါတယ်။
– ဝန်းထမ်းအသစ်ခေါ်ယူမှုနဲ့သက်သက်၍ စီမံခန့်ခွဲနိုင်ခြင်း။လစ်လပ်သောရာထူးအတွက် အလုပ်လျှောက်လွှာများကို တခုတဝေးတည်း Organize လုပ်နိုင်ခြင်း။ အလုပ်လျှောက်လွှာခေါ်ယူရန် တခြားအဖွဲ့စည်းများ (Outsource) များ မလိုအပ်ခြင်း။ မိမိ company အတွင်းရှိုဝန်ထမ်းများအားလုံးနှင့်ပတ်သက်သောအလုပ်ကိစ္စများကို ရိုးရှင်းလွယ်ကူစွာဖြင့် စည်းစနစ်တကျ ဖြေရှင်းနိုင်ခြင်း။ Interview အတွက် မိမိ ကိုယ်ပိုင် own hiring strategies များ၊ stages များကို သတ်မှတ်နိုင်ခြင်း။ မိမိဝန်ထမ်းများ အတွက်ကိုယ်ပိုင် online/ offine surveys များကို သတ်မှတ်နိုင်ခြင်း။ (Recruitment Process)
– ဝန်ထမ်းများရဲ့ Daily Expenses တွေကို ဖန်တီးနိုင်ခြင်း၊ စစ်ဆေးနိုင်ခြင်း၊ ငြင်းပယ်နိုင်ခြင်း စသည်တို့ကို Click တစ်ချက်နှိပ်ရုံဖြင့် စီမံခန့်ခွဲနိုင်ခြင်းတို့ကြောင့် တခြား software များကို အသုံးပြုစရာမလိုခြင်း။ ဘောင်ချာ စာရွက်များ (Receipts) ကို attachmentတွဲ ၍ သက်ဆိုင်ရာအလိုက် မပျောက်မပျက်ပဲ သိမ်းဆည်းနိုင်ခြင်း။ (Expenses)
– အခြား Odoo ERP System များဖြစ်သော Sale, Purchase, LogisticsManufacturing, Accounting အစရှိသော Modules များဖြင့် အလွယ်တကူ ပေါင်းစည်းပေးနိုင်ခြင်း… စသည့် အချက်များအပြင် အခြားအခြားသော အလုပ်ခွင်ကို လွယ်ကူလျှင်မြန်သေသပ်စွာ လုပ်ဆောင်နိုင်မည့် ကောင်းကျိုးများစွာ ရှိနေပါသေးသည်။

အထက်ပါအကြောင်းအရာနှင့်ပတ်သက်၍ အသေးစိတ် သိရှိလိုလျှင် အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါသည်။

Tel : 09964 4040 22, 09964 4040 11
Email : info@global-connect.asia

http://www.gca.com.mm/

https://www.facebook.com/GlobalConnectAsia/

#human_resource_management

#hrms

#huamn_resource_myanmar

GCA Global Positioning System for Myanmar