ERP Myanmar Manufacturing System

Manufacturing ဆိုတာ ဘာလဲ? Odoo ERP Myanmar Manufacturing System

Manufacturing ဆိုတာ ကုန်ကြမ်း (Raw Materials) ကနေ ကုန်ချော (Finished Goods) အထိ စက်ပစည်း အဆင့်ဆင့်၊ Process အဆင့်ဆင့်တွေကိုဖြတ်သန်းပြီး ထွက်ပေါ်လာတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ Manufacturingဆိုတာ ထုတ်ကုန်အစမှအဆုံးတိုင် Processes တွေအဆင့်ဆင့်အကုန်လုံးကို value-added ထည့်ထားတာပဲဖြစ်ပါတယ်။

Manufactruing ကဘယ်လို အလုပ်လုပ်သလဲ၊ ဘာတွေလုပ်နိုင်သလဲ၊ ဘယ်လို manage လုပ်သလဲ ဆိုတာ သိဖို့လိုအပ်လာပြန်ပါပြီ။ ဒါကြောင့် ကျန်တော်တို့ Odoo ERP Myanmar ထဲက Odoo Manufacturing Myanmar အကြောင်း ရှင်းပြပေးချင်ပါတယ်။

ကျွန်တော်တို ့မြန်မာနိုင်ငံမှာဆိုရင် Manufacturing တွေ အများကြီးရှိတယ်၊ ဒါပေမယ့် Excel တွေနဲ့ပဲ အသုံးပြုနေကြတာများတယ်၊ System သုံးတဲ့သူ အရမ်းနည်းတယ်။ 
ဘာလို ့နည်းလဲ၊ နည်းပညာနဲ့အလှမ်းဝေးတာက တစ်ကြောင်း၊ System သုံးရခြင်းကြောင့် ရရှိလာတဲ့ အကျိုးကျေးဇူးကို မသိတာကတစ်ကြောင်း အစရှိသဖြင့် အမျိုးမျိုးသော အကြောင်းပြချက်များနဲ့ မသုံးကြတာ ဖြစ်ပါတယ်။ Manufacturing မှာဆိုရင် ပထမဦးဆုံး Customer ရှိမယ် ၊ Customer ကနေ Sale Order တင်မယ်၊ အဲ့ဒီမှာတစ်ချို့Manufacturing တွေက BOA ကနေ ဒီလောက်ထုတ်မယ် ဆိုပြီး Production Manager ကို command ပေးတယ်၊ အဲ့ဒီအခါကျမှ Production Manager က ထုတ်လုပ်ပေးရတယ်။ တစ်ခါတစ်လေကြတော့ Sale Order ပေါ်မူတည်ပြီး ထုတ်ကြတယ် ။ တစ်ချို့ကတော့ကြိုထုတ်ထားတယ် ၊ တစ်ချို့ကတော့ Order မရှိဘဲ ကြိုမထုတ်ရဲဘူး အရံှုးပေါ်မှာစိုးလို့၊ ဆိုတော့ ကျွန်တော်တို့Odoo ERP Myanmar ထဲမှ Manufacturing ရဲ့အားသာချက်က အဲ့ဒီနေရာမှာ နှစ်မျိုးလုပ်လို ့ရတယ်။ 

#ပထမတစ်ချက်က Sale Order ကနေ Production Order ကိုပြောင်းလို့ရတယ်။
#နောက်တစ်ချက်က Sale Order မဟုတ်ဘဲ Production Manager က သူဟာသူ Work Order က ိုထုတ်လို ့ရပါတယ်။ ရလာတဲ့ Sale Order ကို Production Manager ကလက်ခံပြီး Production Order (PO) အဖြစ်ပြောင်းလိုက်တယ်။ 
ပြီးတော့ BOM (Base of Materials) တွေ၊ Man Power တွေ၊ Machine Route တွေကို စီမံခန့်ခွဲပြီး schedule time ဆွဲတယ်။ Inventory တွေမှာ ထုတ်ကုန်တွေကို ထုတ်ချင်တိုင်း ထုတ်မရဘူး ၊ Machine Route တွေအားလား? Route ဘယ်နှစ်ခုသုံးမလဲ? ဒါမှမဟုတ် Employee တွေရဲ့တစ်နေ အလုပ်ချိန်၊ ဒါတွေကို တွက်ချက်ပြီးမှ အလုပ်စရတယ်၊ ဒါကို ကျွန်တော်တို့ Odoo ERP Manufacturing Myanmar ရဲ့ အားသာချက်တစ်ခုဖြစ်တဲ့ MRP (Material Resources Planning) လို့ခေါ်တယ် ။

ထွက်လာတဲ့ ကုန်ချောတွေကို customer order အတိုင်း ပါကင်ထုတ်မယ်၊ နောက်ပြီး Warehouse ထဲထည့်၊ Delivery ပို့တယ် ။ ဒါဟာ Maunufacturing ရဲ့Overflow ပဲဖြစ်ပါတယ်။

Manufacturing မှာ အဓိကအရေးပါတာက BOM (Base of Materials) အတွက် Formula ပဲ ။ ဘာလို့အရေးပါလဲဆိုတော့ ဥပမာ Shirt တွေထုတ်မယ်ဆိုပါတော့၊ ပိတ်စက ဘယ်လောက် ၊ ကြယ်သီးက ဘယ်လောက်၊ ဒါတွေအကုန် တွက်ချက်ပြီးမှ 
ထုတ်ရတာပဲမလား၊ ဆိုတော့ အလေအလွင့်တွေ၊ ပိုတာတွေ မဖြစ်စေဖို့ BOM ကိုသုံးပေးရတာပဲ ဖြစ်ပါတယ်။ လူကြီးမင်းက BOM ကိုကြိုက်သလို Create လုပ်နိုင်တယ်၊ Edit လည်းလုပ်နိုင်ပါတယ်။ ဒါတွေဟာ ကျွန်တော်တို့Odoo ERP Manufacturing Myanmar ကိုအသုံးပြုခြင်းရဲ ့အားသာချက်များထဲမှ တစ်ခုဆိုရင်လည်း မမှားနိုင်ပါဘူး။

Features ပိုင်းနှင့်ပတ်သတ်ပီး MRP (Material Resources Planning) ရဲ့Features တွေ အကြောင်းပြောပြချင်ပါသေးတယ်၊ Features တွေထဲကမှ Master Data တွေအကြောင်းကို ပြောပြချင်ပါတယ် ။

Multi-Level BOM
သူကတော့ Product A ကိုထုတ်မယ်၊ နောက် Product B ကိုထုတ်မယ် ဒါတွေက Semi Finished Goods လို့ခေါ်ပါတယ် ၊ နောက်ဆုံး A+B = Product C လို့ခေါ်တဲ့ Final Goods ထွက်လာပါတယ် ။ ဒီ Process တွေအားလုံးကို လူကြီးမင်းတို့အနေနဲ့ စိတ်ကြိုက်ပြင်ဆင်အသုံးပြုနိုင်ပါတယ်။

One BOM for Multiple Product Variants
သူကတော့ တစ်မျိုးတည်းပဲဖြစ်စေ၊ Sizeအမျိုးမျိုး၊ Colorအမျိုးမျိုးကို အပိုင်းပိုင်းခွဲပြီးပဲဖြစ်စေ ခွဲခြားသတ်မှတ်ပြီး ထုတ်လုပ်လို့ရပါတယ်။ နောက်ပြီး Master Data ကို ဆောက်ပေးရမယ်။ Planning ဆိုတာလည်း ရှိကိုရှိရမယ်။ Sale Order က ဘယ်လောက်မှာတယ်ဆိုတာ မှန်းဆပြီးမှ ထုတ်လုပ်ကြတာပဲမလား? ဆိုတော့ MRP Planning ရှိမှ Waste ဆိုတာလည်း ထွက်လာမယ်။ Report တွေပြန်ကြည့်လို့ရမယ်။ ဒါဟာ Manufacturing မှာ အရေးကြီးဆုံးအချက်ပါပဲ။

Product တစ်ခုထုတ်တဲ့အခါ Serial Number တွေထည့်ပေးလို့ရတယ်။ ကောင်းကျိုးကတော့ တစ်ခုခုဖြစ်ခဲ့ရင် ထုတ်လုပ်ခဲ့တဲ့ Date ကအစ Check In လိုက်လို့ရတယ်။ Every Manufacturing တိုင်းမှာဆိုရင် Cost ကအရမ်းစကားပြောပါတယ် ။ ကျွန်တော်တို့MRP planning က Cost တွေကို ကြိုက်သလို Plan ချနိုင်ပါတယ် ။ ဥပမာ Raw Material တွေ၊ Employees၊ Tools၊ မီတာခ တွေအတွက် ကုန်ကျငွေ တွက်ချက်ဖို့လိုအပ်ပါတယ် ။ လူကြီးမင်းရဲ့ Manufacturing က အရမ်းကြီးနေတဲ့အခါ Waste တွေက ပျောက်သွားကြတယ်၊ ဒါတွေကို သေချာ Manage လုပ်ဖို့လိုအပ်ပါတယ်။ ဒါကို Production Costs Analysis လို ့ခေါ်ပါတယ်။
အခုဆိုရင် ကျွန်တော်တို့ရဲ့ Odoo Manufacturing ဟာ လူကြီးမင်းတို့ရဲ့Inventory အတွက် အကောင်းဆုံး ရလဒ်တွေကိုပေးဖို့ စောင့်မျှော်နေပါပြီ…

ဆက်သွယ်ရန်
Tel : 09964 4040 22, 09964 4040 11
Email : info@globalconnect.asia

#odoo_erp_myanmar

#manufacturing_erp

#erp_myanmar

#manufacturing_global_connect_asia

ဘာကြောင့် Event Management Software တွေကို ပိုမိုရွေးချယ် အသုံးပြုသင့်ပါသလဲ ?